ရွှေစုကြတဲ့အခါ..

Published on 22 May, 2025

ရွှေစုကြတဲ့အခါ..

​"ရွှေဆိုတာ ရှိတန်ဆာ မရှိဝမ်းစာ" ဆိုတဲ့ စကားပုံ​လေးအတိုင်းပဲ။ ပိုလျှံတဲ့အခါ လက်ဝတ်ရတနာ အဆင်တန်ဆာအဖြစ် စု​ဆောင်းရင်း ဆင်မြန်းကြသလို။ ​အိမ်​ဆောက်ရန်/ စီးပွားတိုးချဲ့ရန်/ ကားသစ်ဝယ်ရန်/ က​လေး​ကျောင်းစရိတ် စသည်ဖြင့် ​ငွေ​ကြေးလိုအပ်တဲ့အခါမျိုး​တွေမှာ​တော့ အပိုစု​ဆောင်းထားတဲ့ ​ရွှေသား​လေး​တွေကို ​ငွေအဖြစ် ပြန်​ဖော်ကြတာမျိုး​ပေါ့။ ခေတ်အဆက်ဆက် အလွှာအသီးသီးမှာ ဒီအစဥ်အလာ​လေးဟာ မတိမ်​ကောသွားခဲ့ပါဘူး။ 

ဒီလို စုဆောင်းကြတဲ့အခါ ရွှေတုံး/ ​ရွှေပြား/ စတိထည်/ ​ရွှေထည်လက်ဝတ်ရတနာ ဘာကို ဘယ်လို စုရမယ် မသိရင် ​ မျှပြီးစုပါလို့ အကြံ​ပေးချင်ပါတယ်ရှင်။ တစ်မျိုးချင်းစီမှာ အားသာချက် အားနည်းချက်​တွေ ရှိပါတယ်။ 

​ ရွှေတုံး

▪︎▪︎▪︎▪︎▪︎▪︎▪︎

​ရွှေတုံးက ​ကာလပေါက်​စျေးအတိုင်း ​ရောင်းဝယ်နိုင်တယ်။ အ​လျော့တွက်/ လက်ခ မရှိဘူး​။ ရောင်း​​စျေးဝယ်​စျေး ကွာဟချက်ကလည်း အလျော့ပါအထည်​တွေထက် သက်သာတယ်။ ​ရွှေအတုံးအခဲ​တွေဟာ ​ရွှေရည်စစ်​ဆေးရ လွယ်ကူတာ​ကြောင့် အ​ရေးတကြီး ​ငွေလိုလို့ ပြန်​ရောင်းချင်တဲ့အခါ ​နေရာအ​တော်များများမှာ လွယ်ကူစွာ ​ရောင်းဝယ်နိုင်ပါတယ် (​ငွေ​ဖော်ရလွယ်ပါတယ်)။ သူက အတုံးအခဲ ဖြစ်တဲ့အတွက် ကိုယ်မှာ ဆင်မြန်းလို့​တော့ မရနိုင်ဘူး​ပေါ့။ ​​​ရွှေဝတ်ရတာ သိပ်မကြိုက်တတ်သူ​တွေက ဒါမျိုး​တွေ စုပါရှင်။ 

​ ရွှေပြား

▪︎▪︎▪︎▪︎▪︎▪︎▪︎

​ရွှေတုံးလိုက်ကြီး မဝယ်နိုင်​သေးရင် ​ရွှေပြား​လေး​တွေစုပါ​နော်။ သူလည်း ​ရွှေတုံးအတိုင်း အားသာချက်တွေ ရှိတယ်။ ​ရွှေစင်အကယ်ဒမီ (Htet Myat Yadana) မှာ အနည်းဆုံး ၁ပဲ ကစပြီး ​၂ပဲ၊ ၄ပဲ၊ ၈ပဲ၊ ၁ကျပ်၊ ၂ကျပ် ရွှေပြား​လေး​တွေ ဝယ်ယူလို့ရပါတယ်။ ​ရွှေအရည်အ​​သွေး နဲ့ ​​ရောင်း/ဝယ်စျေးနှုန်း​တွေက ​ရွှေတုံးအတိုင်းပါပဲ။ ​ပါကင်ထုပ်ပိုးမှု သပ်ရပ်ပြီး QR code ပါတဲ့ ရွှေပြား​လေး​တွေရဲ့ ၁ဘူးလက်ခ 10000/15000 ခန့် ရှိပါတယ်ရှင်။ အမှတ်တရ လက်​ဆောင်​ပေးတာ၊ မင်္ဂလာ လက်ဖွဲ့​ပေးတာမျိုး​တွေအတွက်လည်း သူက အဆင်​ပြေတယ်​​နော်။

စတိထည်

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

စတိထည်ဆိုတာက ၁၆ပဲရည် အ​ခေါက်​ရွှေသန့်သန့်ကို အပူ​ပေး၊ ပုံသွင်း၊ နန်းဆွဲ (လိုသ​လောက် အရှည်ဆန့်ထုတ်ပြီး) လက်ကောက်ဖြစ်ရုံ လက်စွပ်ဖြစ်ရုံ စတိသဘော ကွင်းထားခြင်း ဖြစ်ပါတယ်။ ဂဟေမသုံးပါဘူး။ ချောမွေ့မနေပါဘူး။ အကြမ်းထည်ဆိုတဲ့ အဓိပ္ပါယ်ပါ (ရွှေစင်အကယ်ဒမီက လက်ရာလေး သေသပ်လို့ ချောမွေ့နေတာတော့ ချွင်းချက်ပေါ့ )။ ဒါကြောင့် စတိထည်တွေကို အလျော့တွက် မယူဘဲ လက်ခသာ ယူပါတယ်။ ​ရွှေသားသန့်သန့် အထည်ဖြစ်တာ​ကြောင့် ပြန်ဝယ်တဲ့အခါ အခေါက်တုံးတွေနဲ့ စျေးတူပေးဝယ်ပါတယ်။ ​ရွှေလည်းစုချင်၊ ဝတ်ဆင်ရတာလည်း နှစ်သက်ပြီး၊ အ​လျော့တွက်လည်း မသုံးချင်ဘူးဆိုရင် စတိထည်​လေး​တွေ စုပါ​နော်။ နူးညံ့ပျော့​ပြောင်းတဲ့ အ​ခေါက်​ရွှေသန့်နဲ့ ပြုလုပ်တာဖြစ်လို့ စတိထည်​တွေဟာ အကြမ်းမခံဘဲ သတိထား ဝတ်ဆင်ရပါတယ်။ 

​ ရွှေထည်လက်ဝတ်ရတနာများ

▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎

​၁၆ပဲရည် အ​ခေါက်ရွှေသားကို ​ကြေး+​ဘော် သတ္တုတို့နဲ့ အချိုးကျ ​​ရောစပ်ပြီး ၁၅ပဲရည်၊ ၁၄ပဲ၂ပြားရည် စသည့်ရွှေရည်များဖြင့် လက်ဝတ်ရတနာ အထည်​ပုံဆန်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီဇိုင်းလှလှ ဝတ်ဆင်ရတာ နှစ်သက်တယ်ဆိုရင် အ​လျော့ပါ ​ရွှေသားထည်​လေး​တွေ ဝတ်ရင်း ​စု​ဆောင်းနိုင်ပါတယ်။ အ​လျော့တွက်ဆိုတာ အင်္ကျီချုပ်ခ လိုပဲ ရွှေသားထည်ပြုလုပ်ဖန်တီးခပါ။ ​ရွှေထည်များ ပုံ​ဖော်ဖန်တီးပြုလုပ်ရာမှာ ​ရွှေသား​​​လေလွင့်မှုများလည်း ရှိတတ်တာ​ကြောင့် ပုံဆန်းရင် ဆန်းသလို အ​လျော့တွက်လက်ခ အစားစားရှိပါတယ်ရှင်။ ဖက်ရှင်ကျကျ ဝတ်ရတာကြိုက်တဲ့ အလှ​လေး​တွေက ဒါမျိုး​လေး​တွေ စုပါ​နော်။

ဒီစာကိုဖတ်ပြီးပြီဆိုရင် ဘယ်လိုပုံစံနဲ့ စု​ဆောင်းတာက ကိုယ်နဲ့ ကိုက်ညီတယ်ဆိုတာ အကြမ်းအားဖြင့် သိသွားပြီ​ပေါ့နော်။ မျှပြီးစုပါ လို့ ​ပြောရတာက ​ငွေလိုလို့ ပြန်​​ရောင်းရတဲ့အခါ အ​လျော့တွက်ဖိုး မကုန်ကျတဲ့ ​ရွှေတုံး/ ​ရွှေပြား/ စတိထည်တွေကိုသာ ဦးစား​ပေးအ​နေနဲ့ ​ရောင်းချနိုင်​အောင်ပါ။ ​​ငွေပိုတဲ့အချိန်မှာ အလွယ်တကူ ပြန်ဝယ်စုလို့ရတယ်​​လေ။ ​ရွှေ​တွေ စုဖို့ စဥ်းစားကြတဲ့အခါ ​အရည်အ​သွေးမှန် ​စျေးနှုန်းမှန်တဲ့ ရွှေစင်အကယ်ဒမီ (Htet Myat Yadana) ကို သတိရ​ပေး​ပါနော်..

 

ရွှေစင်အကယ်ဒမီ ရတနာရွှေဆိုင် နှင့်

မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး

(ဆိုင်အမှတ်-၁)

အမှတ် ၈၃၅/၈၃၆, ဦးဝိစာရလမ်း ၃၄ ရပ်ကွက်, မြောက်ဒဂုံမြို့နယ်, ရန်ကုန်

Ph: 09773090104, 095137246, 0931411428

(ပုံမှန် တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

(ဆိုင်အမှတ်-၂)

အမှတ် ၉၄ မြေညီထပ်, ရွှေဘုံသာလမ်း (မဂိုလမ်း) အောက်, ပန်းဘဲတန်းမြို့နယ်, ရန်ကုန်

Ph: 09773090104, 018371548, 09252414243

(ပုံမှန် တနင်္ဂ​နွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

#ထက်မြတ်ရတနာ

#HtetMyatYadana

#ရွှေစင်အကယ်ဒမီ

#မီးလင်းအခေါက်ရွှေရောင်းဝယ်ရေး

#​ရွှေစုကြမယ်